ကိုရီးယားနိုင်ငံအစိုးရမှ ချီးမြှင့်မည့် The Korean Government Scholarship Program (KGSP) 2017 ပညာသင်ဆုကို ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များတွင် Bachelors ဘွဲ့၊ Master ဘွဲ့နှင့် PHD ဘွဲ့ ရရှိလိုသူများလျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ပညာသင်ဆုသည် ကိုရီးယားနိုင်ငံ၏ ပညာရေးစနစ်အဆင့်အတန်းပိုမို မြင့်မားလာစေ ရန်နှင့် နိုင်ငံတကာမှ ကျောင်းသားလူငယ်များနှင့် လက်တွဲပူးပေါင်းကာ ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ကြောင်းသိရသည်။
အဆိုပါပညာသင်ဆုကို တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ရုရှား၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များသာမက ဥရောပ ၊ အာဖရိက စသည့် နိုင်ငံအများအပြားမှ စိတ်ဝင်စားသည့် ကျောင်းသားလူငယ်များအတွက် စီစဉ်ပေးထားကြောင်းသိရသည်။
လျှောက်ထားလိုသူများသည် KGSP-G အတွက် လျှောက်ထားပါက အသက်(၄၀)အောက်၊ KGSP-U အတွက်လျှောက်ထားပါက အသက်(၂၅)နှစ်အောက် ကျောင်းသားလူငယ်များ လျှောက်ထား နိုင်ကြောင်းသိရသည်။
ထို့အပြင် Bachelor (သို့မဟုတ် ) Master ဘွဲ့ရရှိပြီးသူ၊အထက်တန်းကျောင်းများတွင် Diploma ဘွဲ့ရရှိထားသူများ ၊The Cumulative grade point (CGPA) အဆင့်သတ်မှတ်ချက် ၈၀ ရာခိုင်နှုန်းနှင့်အထက်ရရှိထားသူ၊ The CGPA အဆင့်သတ်မှတ်ချက် 2.64/4.0,2.80/4.3,2.91/4.5 ( သို့မဟုတ် )3.23,5.0 နှင့်အထက် ရရှိထားသူဖြစ်ရမည်ဖြစ်သည်။
ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသူများကို အဆင့် ဆင့်စိစစ် ရွးချယ်သွားမှာဖြစ်ပြီး အသေးစိတ်ကို http://scholarship-positions.com/2012-2013-korean-go…/…/တွင် ဝင် ရောက်လေ့လာနိုင် ကြောင်းသိရသည်။
သတင်း – TU Arkar Min