လူငယ့်ရေးရာမူဝါဒအရေး ဝိုင်းကြ ဝန်းကြ ကူညီကြ

မြန်မာနိုင်ငံတွင် ပထမဆုံးသော လူငယ့်ရေးရာမူဝါဒ ပေါ်ထွန်းရေးအတွက် ဒေသအသီးသီးက လူငယ် တွေ လှုပ်လှုပ်ရှားရှားရှိနေကြသည်။ အနာဂတ် လူငယ်များအရေးအတွက် လက်ရှိလူငယ်တွေ ကြိုးပမ်းနေကြ သည်။<!--more-->



မှန်ပါသည်။ မြန်မာနိုင်ငံတွင် လူငယ့်ရေးရာမူဝါဒပေါ်ထွန်းရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းက အရှိန် အဟုန်ဖြင့် တိုက်တွန်းခဲ့ကြသည်။ ၂၀၁၄ မြန်မာ့လူငယ်ဖိုရမ် မော်လမြိုင်တွင် ကျင်းပစဉ်ကတည်းက ပြန်လည် အခြေခိုင်အောင်တည်ဆောက် တိုက်တွန်းခဲ့ကြသည်။ ၂၀၁၆ မြန်မာ့လူငယ်ဖိုရမ် (မုံရွာ)တွင်မူ အစိုးရသစ် ပြောင်းကာစ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လူငယ်မူဝါဒလုပ်ငန်းကား ပြန်လည်စတင်လာနိုင်ခဲ့ပြီ။

လူငယ့်မူဝါဒက ဘယ်လိုလဲ။ ဘာလဲဟု မေးလျှင် မြန်မာနိုင်ငံရှိ လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်ရေးအတွက် မူဝါဒတိတိကျကျဖော်ဆောင် လုပ်ငန်းစဉ်များချမှတ်ပြီး စနစ်တကျဆောင်ရွက်သွားရေးဖြစ် သည်။ 

လူငယ်ဟူသည် အနာဂတ်၏ခေါင်းစဉ်ဖြစ်သည်ဟု ဆိုရိုးစကားနှင့်အညီ အနာဂတ် နိုင်ငံကို ဦးဆောင် မည့် လူငယ်များအနေဖြင့် ငယ်စဉ်ဘဝမှ အရွယ်ရောက်သည့်ကာလအထိ စနစ်တကျဖွံ့ဖြိုး ကြီးထွား စဉ်းစား ဆင်ခြင်တတ်ပါမှ ကောင်းမွန်သော နိုင်ငံတော်တည်ဆောက်နိုင်မည်ဖြစ်သည်ဟု ထင်မြင်ပါသည်။

ယခင်အဆက်ဆက်ကာလက လူငယ်များအတွက် ဆောင်ရွက်ခဲ့သည်များ မရှိဘူးလားဟု မေးလျှင် စနစ်တကျစီမံအကောင်အထည်ဖောက်ခဲ့ခြင်း မရှိဟုသာ ဆိုရမည်ဖြစ်သည်။

ယခုမြန်မာလူငယ်တွေ မြန်မာနိုင်ငံအနှံ့အပြားတွင် လူငယ့်ရေးရာမူဝါဒရေးဆွဲသည့်အခါ လိုအပ်သည့် အကြံဉာဏ်များရရှိရေး၊ လူငယ့်အသံများပါဝင်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေကြသလို မွန်ပြည်နယ် တွင်လည်း မွန်ပြည်နယ်လူငယ်ကွန်ရက်မှ ဦးစီးပြီးဆောင်ရွက်နေသည်ကို တွေ့ရသည်။

လူငယ့်ရေးရာမူဝါဒ ပေါ်ထွန်းရေးသည် အချိန်ကာလခဏတာဖြင့် ဆောင်ရွက်၍ ရသည့်လုပ်ငန်းတစ်ခု တော့မဟုတ်ပေ။ သို့သော်လည်း ဝန်ကြီးဌာနမှ ပေးနိုင်သည့်အချိန်၊ လူငယ်များဆောင်ရွက်နိုင်သည့် အခြေ အနေ၊ ငွေကြေးကုန်ကျမှုစသည့် အကန့်အသတ်များကြားမှ ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် ရာနှုန်းပြည့် ပြည့်စုံနိုင်မည်မဟုတ်သော်လည်း လက်ခံနိုင်သည့် အတိုင်းအတာတစ်ခုဖြစ်နိုင်မည်ဟု ယုံကြည်မိပါသည်။

မကြာခင်ထွက်ပေါ်လာမည့် လူငယ့်ရေးရာမူဝါဒမှ တဆင့် နယ်ပယ်အသီးသီးတွင် လူငယ်များ၏ ဦးဆောင်မှု အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာရေး၊ လူငယ်များအပေါ် အသိအမှတ်ပြုလက်တွဲခေါ်ဆောင်နိုင်ရေး အစီအစဉ်များရှိလာမည်ဖြစ်သလို လူငယ့်ရေးရာဝန်ကြီးဌာန၊ လူငယ်သံတမန်များ၊ လူငယ့်ဖွံ့ဖြိုးရေးဌာနများ လည်း ပေါ်ထွန်းလာမည်ဟု ယုံကြည်ရပါသည်။

အနာဂတ်မြန်မာနိုင်ငံတော် စနစ်တကျဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနှင့် အဝှမ်း ရင်ပေါင်တန်းဆောင်ရွက်နိုင် ရန်အတွက် ယခုမှ အစပြုမည့် လူငယ့်ရေးရာမူဝါဒလုပ်ငန်းစဉ်များကို အစိုးရ၊ လွှတ်တော်၊ ပါတီများ၊ အရပ်ဘက် အဖွဲ့များ၊ ပြည်သူတစ်ရပ်လုံး အားပေးထောက်ခံ ဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ အလေးအနက်တိုက်တွန်းအပ် ပါသည်။

သံလွင်တိုင်းမ်

Share
Published by
သံလွင်တိုင်းမ်

Recent Posts

စစ်အာဏာသိမ်း (၁၂၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၁ AAPP ရဲ့ မေ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၅) ရက်အတွင်း ပြည်သူ (၅၁၀၇ )…

1 hour ago

စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာလို့ မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ မေ ၂၁ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြ ဿနာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတဲ့အတွက် အခုနှစ်မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့…

2 hours ago

စစ်အာဏာရှင်တိုက်ဖျက်ရေး သုံးလတာခရီး မွန်ပြည်သစ်ပါတီ AD ဘာတွေရှင်းလင်းခဲ့လဲ

ရေး ၊ မေ ၂၁ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD အ နေနဲ့ သုံးလတာပြည့်မြောက်ချိန်မှာ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းအသီးသီးနဲ့ အွန်လိုင်းကနေ…

2 hours ago

ဖာပွန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဖာပွန်၊ မေ ၂၁ ကရင်ပြည်နယ် ဖာပွန်မြို့အနီး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်းတွေကို တော် လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့…

2 hours ago

သထုံခရိုင်မှာ အခုလအတွင်း စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး သေဆုံး ၂၂ ဦး ဒဏ်ရာရ

သထုံ ၊ မေ ၂၁ မွန်ပြည်နယ် သထုံခရိုင်ထဲကို အခုလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦး…

2 hours ago

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး

တနင်္သာရီ၊ မေ ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦး…

7 hours ago

This website uses cookies.