wine-su-khaing-theinဝိုင်းစုခိုင်သိန်း
အစ်မ အခု အခွေသစ်တစ်ခွေ လုပ်နေပါတယ်။ တစ်ကိုယ်တော်အခွေပါ။ ပရိတ်သတ်တွေကို မကြာခင်ချပြတော့မှာပါ။ အစ်မရဲ့Single အခွေသစ်ထွက်လာရင်လည်းအားပေးပါဦး။ လောလောဆယ်တော့ သီချင်းအတွက်ရိုက်ကူးရေးတွေလည်းလုပ်နေပါတယ်။

may-kha-lar
မေခလာ
ကိုရီးယားပွဲတွေ ဖျော်ဖြေဖို့ရှိပါတယ်။ နိုင်ငံရေးတွေမပြောချင်ဘူး သီချင်း CD ကထွက်ပြီးသား ဖြစ်တဲ့အတွက် DVD အတွက်ရိုက်ကူးနေတာလေးတွေရှိပါတယ်။ မှော်ဘီမှာရှိတဲ့ ဆင်းရဲကျောင်းတွေ ပရဟိတတွေလုပ်ခဲ့သလို အောက်တိုဘာမှာလည်း တခြားဒေသတွေမှာလုပ်ဖို့ရှိပါတယ်။

zwe-pyint
ဇွဲပြည့်
ဒုတိယမြောက် တစ်ကိုယ်တော်အခွေလုပ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့နဲ့ မကြီးစန်းနှင့် သူ့ချစ်သူများဇာတ်ကားနဲ့ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးဖို့ရှိသလို ဖြိုးပြည့်စုံ၊ခင်စုစုနိုင်၊ချောငယ်ရယ် (၄)ယောက်ပေါင်းပြီးတစ်ခွေလုပ်နေပါတယ်။

khine-thin-kyi
ခိုင်သင်းကြည်
ဒါရီုက်တာ အရုဏ်ဦးပွင့်သိဂီ ၤရဲ့ သူငယ်ဆိုတဲ့ဇာတ်ကားကြီးကို Myanmar Idol Presenter ကျော်ထက်အောင်အပါအဝင် ကိုရန်လေးတို့နဲ့ ရိုက်ကူးဖို့ရှိသလို MRTV-4 ရုပ်သံဇာတ်လမ်းတွဲ အတွက်လည်းရိုက်ကူးပေးနေပါတယ်။
TU Arkar Min
ဓါတ်ပုံ – အင်တာနက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.