မော်လမြိုင်၊ သြဂုတ် ၂၆

၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော ကျောင်းသူ/ကျောင်းသားများအား တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သြဂုတ်လ(၁၈)နေ့က စတင်ထုတ်ပေးခဲ့ပြီး ကျောင်းသားများဝင်ခွင့်ရရှိသည့် တက္ကသိုလ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းပိုင်း ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်းသိရသည်

ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် ဖောင်ထုတ်သူများသည် ရဲစခန်းထောက်ခံစာ၊ရပ်ကွက်ထောက်ခံစာနှင့် ဆေးရုံ ထောက်ခံစာများတင်ပြရန်မလိုတော့ဘဲ သြဂုတ်လ(၃၁)ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။

“တက္ကသိုလ် ဝင်ခွင့်အမှတ်တွေက အဆင့်မြင့်ကပဲကိုင်တာပါ အရင်ကတော့ တက္ကသိုလ်ကျောင်းတွေကို လုပ်ပိုင်ခွင့် ပေးမယ် လို့တော့အသံကြားတယ် အခုအဆင့်မြင့်ကပဲတည်းဖြတ်တော့မှာပါ” ဟု မော်လမြိုင် တက္ကသိုလ်မော်ကွန်း ထိန်း ဒေါ်မေမီခင် က သံလွင်တိုင်းမ်သို့ပြောသည်။

မော်လမြိုင် တက္ကသိုလ်ဝင်ခွင့်အမှတ်နှင့်ပတ်သတ်ပြီး “ကျောင်းသား လျှောက်တဲ့အတိုင်း အမှတ်မှီ ရင် ရမှာပါ အမှတ်(၃၀၀)ကျော်မှ Day တက်ရတာမျိုးမဟုတ်ပါဘူး ဥပမာ ရူပဗေဒလျှောက်လို့မှီရင် ရမယ် မမှီရင် ဒုတိယဦးစား ပေးက မေဂျာမှီရင် ရမယ် တကယ်လို့ မေဂျာတွေကျပြီးမှ ပြောင်းချင်တယ်ဆိုရင်လည်း အမှတ်မြင့်တဲ့မေဂျာကနေ နိမ့်တဲ့မေဂျာ ကိုပဲပြောင်းရမှာပါ”ဟု ၎င်းကဆက်ပြောသည်
education-guide
မော်လမြိုင်တက္ကသိုလ်တွင် မေဂျာကြီး (၁၅)ဘာသာရှိပြီး ၂၀၁၆ခုနှစ်မှစပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများနှင့် တက္ကသိုလ်ပညာဆက်လက်သင်ယူရန်ခက်ခဲသည့်ကျောင်းသားများအားပညာသင်ထောက်ပံ့ကြေးများလည်းချီးမြှင့်သွားမှာဖြစ်ကြောင်းသိရသည်။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.