ရွှေမြိုင်မောင်ပေါက်ကျိုင်း

ရန်ကုန်က ဧည့်သည်လာမယ်ဆိုလို့ ဇင်းကျိုက်ရေတံခွန်ကို ဆွမ်းအုပ် အဝိုင်းထိပ်ကနေ မော်လမြိုင်-သထုံကား နဲ့လိုက်ဖြစ်ပါတယ်၊ ဆွမ်းအုပ်အဝိုင်းဆိုလို့ ကိုနိုင်ဦး (သံဖြူဇရပ် AMDP အမတ်ဟောင်း)ကို သတိရမိပါတယ်/ ဒီနေရာကို ဟင်္သာပြန်နေရာချဖို့ ဟိုဖက် ဦးအုန်းမြင့် ဝန်ကြီးချုပ်ခေတ်မှာ လွှတ်တော်မှာ သူတင်ပြခဲ့ပါတယ်၊ အစိုးရအဖွဲ့က ကြယ်ပွင့်မပြတဲ့ အမေးဖြေစာနဲ့ ဖြေတာကို သတင်းသမားတစ်ဦးအနေနဲ့ မိတ္တူရခဲ့ပါတယ်။ အဲဒါကလည်း စက်စဲအဝင်မှာ ဆွမ်းအုပ်တည်တာ

ဆရာ မပြောဘူးလား မေးရင်း၊ ဟင်္သာအတွက် သူဘယ်လို ကြိုးစားတယ်ဆိုတာ ပြောပြတာပါ။ အဲဒီတုံးက ဆွမ်းအုပ်က မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြပြီး ဆက်ထား မယ့်သဘောနဲ့စာပြန်ခဲ့ပါတယ်။ အခုတော့ ဟင်္သာနေရာ မှန်ပြန်ရမယ်ဆိုတာ ကိုနိုင်ဦးကို ဖုန်းနဲ့အသိပေး ဖြစ်ပါတယ်။ သူဝမ်းသာရှာပါတယ်၊ ပြောင်းလဲလာတဲ့ သဘောကို မွန်လူထုကိုယ်စား ပီတိသံနဲ့ ပြန်ပြောပါ တယ်။ ဒီဖြစ်စဉ်ကို စဉ်းစားရင်း ဟိုဖက်မှာ အခက်ခဲလို မြင်တဲ့ဟာ ဒီဖက် လူငယ်ခေါင်းဆောင်တွေအတွက် လွယ်တယ်လို့မြင်ပါတယ်၊ ဒါကလည်း အသက်အရွယ်လိုက် မြင်ပုံကွဲလာပြီး ရလဒ်တစ်ခုက (ကောင်း/ဆိုး)ဖြစ် ပေါ်စေတာကို သတိပြုမိပါတယ်။ ဟင်္သာပြန်ထားခွင့် နောက်ကွယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံး အဖြတ် နဲ့မကင်းဘူးလို့လည်း ယူမိပါတယ်။ တစ်ပတ်တစ်ကြိမ် တွေ့ဆုံသြဝါဒခံယူမှုရှိနိုင်တယ်လို့ သုံးသပ်သူတွေရှိ ပါတယ်။ ရက်တစ်ရာ ပြောင်းလဲရမယ်ဆိုတဲ့စာမေးပွဲကို မွန်ဝန်ကြီးချုပ်က ကြိုးစားဖြေဆိုနေတယ်လို့ မြင်မိပါ တယ်။
စိန်ခေါ်နေတဲ့ အကြွေးတွေ။

အခြားတိုင်း/ပြည်နယ်တွေလို မွန်အစိုးရရဲ့ရက်တစ်ရာ ဆွေးနွေးဖြစ်ပါတယ်၊ ဟိုဖက် အစိုးရဆက်ခံထားတဲ့ ကြွေးပူတွေက ကျိုက်မရော MCL ဘိလပ်မြေစက်ရုံကျောက်မီးသွေးသုံးမှု၊ ပေါင်ဥတ္တံတားက Long Life ကျောက်ထုတ်လုပ်ရေးတို့ရဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေပါပဲ၊ တစ်နေ့က ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းနဲ့ တွေ့တုန်း၊ တစ်ခြားတိုင်းပြည်နယ်တွေမှာ ဒေသခံလက်မခံ/သဘာ၀၀န်းကျင် ထိခိုက်နေတဲ့ လုပ်ငန်းတွေ ယာယီရပ်ဆိုင်းတာမျိုးရှိခဲ့သလို မွန်ကရော MCL/Long Life ကိစ္စတွေကို ဘယ်လို သဘော ထားပါသလဲလို့ မေးဖြစ်ပါတယ်။ အစိုးရ/လွှတ်တော်နှစ်ဖက်လုံးက လက်ရှိတည်နေပုံကို စုံစမ်းစစ်ဆေးရေးအ ဖွဲ့တွေနဲ့ ကွင်း ဆင်း စစ်ဆေးမှုတွေလုပ်နေတယ်။ တွေ့ရှိမှု၊ သုံးသပ်မှုတွေက ၂၀၁၅-ခုနှစ်ကုန်ပိုင်းမှာမှ ထွက်လာတဲ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနည်းဥပဒေရဲ့ စံ၊ လုပ်နည်းနဲ့ စတဲ့စည်းမျဉ်းသတ်မှတ်ချက်တွေအရ လုပ် ဖို့ကျန်ရှိတာတွေ နဲ့အတူ အစိုးရအဖွဲ့ကို တင်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဟိုဖက်အစိုးရလက်ထက်က လုပ်ခဲ့တယ်ဆိုတော့ ပတ် ဝန်းကျင်နည်းဥပဒေအရ လုပ်ဖို့ကျန်တာတွေကို၊ မွန်အစိုးရရဲ့သဘောထားနဲ့ ပြည်ထောင်စုအစိုးရကို လမ်းညွှန်မှုခံယူဖို့ ဖြစ်နိုင်တယ်လို့ သူတစ်ဦးတည်းအမြင်ကို ပြောပါတယ်။ ဒါက ဟိုဖက်အစိုးရရဲ့ အကြွေးပူ လို့ဆိုရမယ့် ဒေသခံအသံထွက်ဆုံးကိစ္စပါ။ အဲဒီတန်းလန်းတွေကြောင့် လာမယ့် လုပ်ငန်းအချို့က ဒီအစိုးရ လုပ်ရပ်ကို ချင့်ချိန်နေတာနဲ့ပဲ၊ လာတွေ့တဲ့အဖွဲ့တွေ တစ်ရာကျော်နေပေမယ့် အလုပ်ဖြစ်တာ မရှိသေးဘူးလို့၊ SS ကိုကျော်ဝင်း(မွန်ကုန်သည်စက်မှု)က ဇူလိုင်(၂၉)ထိုင်းကုန်သည်အဖွဲ့လာတွေ့မယ်ကိစ္စကို သုံးသပ်ပါတယ်။ ဒါကလည်း ပြည်သူအစိုးရရဲ့ ပြည်သူအပေါ်ကြည့်တယ်လို မြင်ပါတယ်၊ ဟိုဖက်က (ကန့်ကွက်ရန် မရှိပါ/ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ပါ)ဆိုတဲ့ အကန်တော့ခံ/လာဘ်လာဘတွေကြည့်ခဲ့တဲ့ဒဏ်က ပြည်သူတွေ ကိုထိလို့ ပြည်သူ့ရဲ့ ဒဏ်ပြန်မှုနဲ့၊ သမိုင်းမကောင်းကြတော့ပါ။

ပွင့်လင်းမှုနည်းလို့ ဆိုးကြိုးအမြင်ထွက်တာလား။

ဇင်းကျိုက်က အပြန် လိုက်ထရပ်ကားဆရာကို မုတ္တမ အဝင်က အဆောက်အအုံလုပ်ငန်းကြီး၊ အင်အားနဲ့ လုပ်နေတာတွေ့ရတော့ ဘာလဲလို့စပ်စုမိတယ်၊ မုတ္တမမြို့ထဲမှာလည်း ဆီဆိုင်လိုလိုကလည်း အားနဲ့အင်နဲ့ လုပ်နေတာကို မေးတော့လည်း၊ ဘာမှမသိရပါဘူးတဲ့၊ မော်လမြိုင်ရောက်တော့လည်း ဈေးကြိုဆန်တန်း မော်လမြိုင်-ထားဝယ်ကားလမ်းဘေးမှာ JACAနဲ့ဖက်စပ် ကုမ္ပဏီ၊ စည်ပင်ကြီးကြပ် ပလပ်စတစ်ပိုက်ပြာတွေနဲ့၊ သတင်းသမားတွေတောင်မသိတာ အဆိုးမဟုတ်ပါဘူး၊ လွှတ်တော်မှာ မော်လမြိုင် ရေပေး တင်ဒါရ ကုမ္ပဏီသိ ချင်တဲ့ အမတ်မေးတာတောင် မဖြေ၊ အဲတာတွေမသိရတော့ လက်သိပ်ထိုးပေါ့၊ ခွင်ပေါ့၊ ပြောတာကို အပြစ်လို့ ပြောမှာလား၊ ကမ်းနားလမ်းကို ဘယ်ကုမ္ပဏီက ဘယ်ခုနှစ်ဆောက်တာ၊ ဆိုင်းဘုတ်တင် ဂုဏ်ယူစိတ်၊ အတ္တ နေရာပေး အလုပ်ဂုဏ်လေးထိန်းတဲ့သဘော လုပ်မပေးသင့်ပါဘူးလားလို့မေးရင် ဘယ်လိုများဖြေကြမလဲ။ ပြည်သူနဲ့ပတ်သက်တာ ကျီးစားစား လဒထိုးထိုး ဖြစ်ချင်တာဖြစ်၊ ဘယ်သူကများ အမုန်းခံဝင်ထိန်းပါသလဲ၊ ဆပ်ကန်ထရိုက်မရမှာစိုးလို့ လော်ဘီလုပ်တာတောင် ရှိသေး၊ ဒါလား မော်လမြိုင်/သံလွင် ချစ်သူများလို့ မေးရင်၊ ဘယ်လိုလဲ၊ တာဝန်ရှိတယ်ဆိုတဲ့ ကိုရွှေစည်ပင်များ ဝင်ထိန်းရင် ကမ်းနားလမ်းက အခုလိုကမ္ဘာကျော် မဖြစ်မှာ စိုးလို့လား၊ မေးပါရစေ၊ ဥပဒေချုပ်တောင် လွှတ်တော်မှာ ချီးမွမ်းရတဲ့ ကမ်းနားလမ်း QC စစ်သူများ၊ အခုထပ်ဖွဲ့ရင် ပါမှပါပါ့မလားလို့ စိုးရိမ်မိပါသေး။ ခေါင်းငြိမ့် သူကိုရှာတဲ့သူနဲ့တော့ ကိုက်ပါတယ်။ ဒီလိုပုံနဲ့ ငါးနှစ်ကြာ မွန်ပြည်နယ်မှာ- –။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.