နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ သုံးရက်ခရီးရဲ့ ပထမ ဆုံးနေ့မှာ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေရှိရာကို သွားရောက်ခဲ့ပါတယ်။ သူမ သွားရောက်ခဲ့တဲ့ အရပ်မှာ သူမကို အူလှိုက်သည်းလှိုက် ဆီးကြိုနေကြတဲ့ အလုပ်သမားတွေက စောင့်ကြိုနေကြပါတယ်။ အဲဒီအ လုပ်သမားတွေဟာ ထိုင်း ဘုရင့်နိုင်ငံတော် အတွင်းမှာ သူတို့ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ လုပ်ငန်းကိုင်ငန်း အခြေအနေနဲ့ ဘဝအခြေအနေတွေ ကို သူမထံမှာ ရင်ဖွင့်ချင်နေကြပြီး တချိန်တည်းမှာ သူတို့လိုလားချက်တွေ ကိုလည်း တင်ပြ တောင်းဆိုချင်နေကြတဲ့ သူ တွေလည်း ဖြစ်ပါတယ်။
ဒေါ်စုက အလုပ်သမားတွေကို အမှာစကားပြောရင်း ထည့်ပြောသွားတာ တခုက´ ကျွန်မတို့ မြန်မာတွေဟာ ထိုင်းနိုင်ငံမှာ ဧည့်သည်တွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ အိမ်ရှင်တွေနဲ့ အဆင်ပြေ ေအောင် ပြောဆို နေထိုင် သင့်ပါတယ်။ ပြဿနာဆိုတာ ဖြစ်မှာပါဘဲ။ ပြဿနာ ဖြစ်လာလို့ရှိရင် အဲဒီ ပြဿနာကို ကျွန်မတို့ ပူးပေါင်း ဖြေရှင်းလိုက် ရင် အောင်မြင်တယ်ဆိုတာ ထုံးစံပါ.ဘဲ´ လို့ ဖြစ်ပါတယ်။
ထောင်ပေါင်းများစွာသော မြန်မာအလုပ်သမားတွေဟာ အရေးကြီး ပုဂ္ဂိုလ်ဖြစ်တဲ့ သူမကို ကြိုဆိုရင်း မိုး သည်း ထန်စွာ ရွာနေတဲ့ကြားက မိုးရေထဲသို့ သူမရှိရာဘက်ကို လှမ်းမျှော်ကြည့်ရင်း မတ်တပ် ရပ်နေကြပါတယ်။ အဲဒီ အရပ်ကတော့ စမွတ်ဆာခွန် ခရိုင်ခွဲ ဖြစ်တဲ့ မြန်မာမြို့ကလေး မဟာချိုင်မှာ ဖြစ်ပါတယ်။
ဒီအလုပ်သမားတွေဟာ နေရာမတူတဲ့ ဒေသအသီးသီးက လာကြတာပါ။ ဘန်ကောက်မြို့တော်ထဲက ခရိုင် များ စွာက ပါသလို ထိုင်းနိုင်ငံမြောက်ပိုင်းကလည်း လာကြပါတယ်။ သူတို့ဟာ အာရုံတက်ချိန်လောက်ကတည်း ထ လေထိုင်းကို လာရောက်ပြီး စောင့်ဆိုင်းနေကြတာပါ။ သူတို့နှုတ်က ´အမေစု´ လို့ အော်ခေါ်နေကြတဲ့ ဒေါ် အောင်ဆန်းစုကြည်ကို သူတို့ မြင်တွေ့ခွင့် ရချင်ကြလို့လေ။ အမေစုဆိုတာ မိခင်စုလို့ အဓိပ္ပါယ် ရပါတယ်။
မြန်မာ့ခေါင်းဆောင်ဟာ ညနေ ၄နာရီခွဲမှာ ရောက်လာပြီး အဲဒီမှာ အလုပ်သမားတွေနဲ့ တနာရီခန့် နေခဲ့ပါ တယ်။
တထောင်နီးပါးလောက်ရှိတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ နိုဗဲလ် ဆုရှင်ရဲ့ လုံခြုံရေးအတွက် သားငါး ပုဇွန် ရောင်း တဲ့ ဈေးတဝိုက် နေရာချထားပါတယ်။
ဒီတခေါက် ဒေါ်အောင်ဆန်းစုကြည် ထိုင်းရောက်လာတာဟာ ၂၀၁၂ ခုနှစ်က ရောက်လာတဲ့ ပုံစံနဲ့ မတူဘဲ ခမ်းနား လှပါ တယ်။ အရင်တခေါက်လာတုန်းက သူမဟာ ဒီမိုကရေစီ သင်္ကေတ အမှတ်တံဆိပ်ဖြစ်ပေမဲ့ ဒီတခေါက်မှာတော့ အဲဒီလို မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တရားဝင် တာဝန်ရှိ ပုဂ္ဂိုလ် တယောက်အနေနဲ့ ရောက်လာတာပါ။
အခြေအနေက တော်တော့ကို ကသောင်းကနင်း အုတ်အော်သောင်းနင်း ဖြစ်နေတယ်။ အလုပ်သမားတွေ သူတို့ ခေါင်း ဆောင်ရှိရာ ခန်းမထဲသို့ ဝင်ခွင့်ရရေအတွက် အတင်း ကြိုးစားနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအခြေ အ နေကို မြင်တွေ့ရတာ စိတ်မချမ်းမသာဖြစ်ရကြောင်း ပြောခဲ့ပါတယ်။
အလုပ်သမားထုကြီးဟာ သူတို့လက်ထဲမှာ လက်ရှိ တရားဝင် ဗီဇာ သက်တမ်းရှိတဲ့ ပတ်စ်ပို့တွေ။ Work permit တွေနဲ့ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ပန်းရောင်ကဒ်တွေကို ကိုင်ဆောင်ထားကြပါတယ်။ သူတို့စိတ်ထဲမှာ ဒီကဒ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ကို တွေ့ခွင့်ရအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမဲ့ လူအရေအတွက် ၅၀၀က ကြိုတင် ရွေးချယ်ထားပြီးသားမို့ သူတို့ဟာ တွေ့ခွင့်ရစရာ အကြောင်း မရှိတော့ပါဘူး။
နောက်ပိုင်းမှာတော့ ထိုင်းလုံခြုံရေး အရာရှိ တချို့ဟာ မြန်မာတွေကို သနားသွားလို့ ထင်ပါရဲ့။ လူအုပ်ကြီးကို ခန်းမကြီးနဲ့ အနီးဆုံး နေရာဝန်းကျင်ကို ဝင်ခွင့်ပေးခဲ့တယ်။ သို့သော်ငြားလည်း ဒီလူအုပ်ကြီးအနေနဲ့ ခန်းမကြီးထဲကို ဝင်ခွင့်တော့ မရကြပါဘူး။
ချင်းမိုင်အခြေစိုက် မြန်မာပြည်ဖွား ဂေါ်ရခါး အဖွဲ့ဝင်များလည်း လာရောက်ခဲ့ကြတယ်။ အလုပ်သမား အခွင့်အရေး ပညာရေးအခွင့်အလမ်း ကျန်းမာရေးနဲ့ လုပ်ငန်းခွင်တွေမှာ ထိခိုက်နာကျင်မှုတွေမှ ကာကွယ်ရေး စတဲ့ အခွင့်အရေး လှုပ်ရှားသူတွေအပါအဝင် များစွာသော လူတွေ ရောက်လာကြတယ်။ အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့တစ်ခုမှ အဖွဲ့ဝင် ဦးသန်းဆိုသူက
´ကျွန်တော် အမေစုကို မြန်မာနိုင်ငံကို တိုးတက်အောင် လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော့ မိသားစုနဲ့ အတူတူ ပြန်လည် နေထိုင်ခွင့်ရမယ်ဆိုရင် သိပ်ကို ပျော်စရာ ကောင်းမှာပါ။ ဒါပေမဲ့ ကျွန်တော် အိမ်မပြန်နိုင်သေးပါဘူး။ ကျွန်တော် ဒီမှာ အလုပ်လုပ်ရင်း ပိုက်ဆံ ရှာရဦးမယ်..လေ´
ဟု ဆိုပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ အောင်ကိုဆိုတဲ့ လူငယ်လေးကတော့ သူ ထိုင်းနိုင်ငံမှာ နေထိုင်ရတာ တော်တော်လေးကို ပျော်ပါသတဲ့။ သူက
´ကျွန်တော် ပုဇွန်စက်ရုံမှာ လုပ်နေတာ ခုဆိုရင် ခြောက်နှစ်လောက် ရှိနေပြီ။ ဒီစက်ရုံမှာ ကျွန်တော့အတွက် အဆင်ပြေပါ တယ်။ တလကို ဘတ် ၁၂ ၀၀၀ ရတယ်။ လောလောဆယ် စက်ရုံမှာ အိုဗာတိုင် မရှိပေမဲ့လည်း အဆင်ပြေပါတယ်´
လို့ ပြောပါတယ်။ ဒါပေမဲ့ သူက ထောက်ပြတာတခုက သူ့သူဌေးက ပတ်စပို့ သက်တမ်းတိုး လုပ်ပေးမဲ့အစား ပန်းရောင် ကဒ်ကိုဘဲ အလုပ်သမားတွေကို လုပ်စေချင်နေတယ်လို့ ဆိုပါတယ်။ ဒီပန်းရောင်ကဒ်က သူဌေးတဦးတည်းဆီမှာဘဲ နေပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြီးက ရှိနေတယ်´
ဟု ဆက်လက် ပြောပြတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ခန်းမထဲမှာရှိနေတဲ့ အလုပ်သမားတွေကို ထိုင်း နိုင်ငံအတွင်း ပိုမို စိတ်ချ လက်ချ အလုပ်လုပ်လို့ရနိုင်တဲ့ ပတ်စပို့ လုပ်ပေးဘို့ ကတိပေးစကားတွေ ပြောနေတယ်။ ထိုင်းနိုင်ငံက ယာယီပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ မြန်မာ အလုပ်သမားတယောက်ကို တရားဝင် နေထိုင်ခွင့်ပြုသလို လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာခွင့်လည်း ပေးထားတယ်လို့ ကိုအောင်ကိုက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူ လိုက်ပါလာခဲ့တဲ့ အလုပ်သမား လူဝင်မှုနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပတ်စ်ပို့လုပ်ရာမှာ မြန်မာအလုပ်သမားတွေဟာ ပွဲစားကတဆင့် လုပ်ဆောင်နေရလို့ အဆမတန် ကုန်ကျ စရိတ်များနေရတာမျိုး နောင်တွင် မရှိရလေအောင် စီစဉ်ပေးမယ်လို့ ပြောသွားပါတယ်။ ဦးသိန်းဆွေဟာ ထိုင်းအလုပ်သ မား ဝန်ကြီး General Sirichai Dithakul နှင့် နှစ်နိုင်ငံ သဘောတူညီချက် စာချွန်လွှာ နှစ်ရပ်ကိုလည်း လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်က မြန်မာအလုပ်သမားတွေရဲ့ လူမှုဖူလုံရေးနဲ့ လုံခြုံမှုကို အကာအကွယ် ပေးပါလိမ့်မယ်။
အလားတူ အလုပ်သမား အဖွဲ့အစည်းတခုဖြစ်တဲ့ Migrant Worker Rights Network ကလည်း ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။ အဲဒီကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေအတွက် စိုးရိမ်ပူပန်မှုတွေကို မိန့်ခွန်းမှာ ထည့်ပြောသွားကြောင်း ရေးသားထားပါတယ်။
အလားတူ သူတို့ကြေညာချက်မှာ ထောက်ပြ တောင်းဆိုတာတွေက ထိုင်းအစိုးရရဲ့ ပေါ်လစီတွေကို ပြန်စဉ်းစားဖို့။ တရားဥပဒေကို တိတိကျကျ လိုက်နာ ဆောင်ရွက်ဖို့။ လာဘ်ပေး လာဘ်ယူ ခြစားမှုတွေကို ကာကွယ် တားဆီးပေးဖို့နဲ့ အခြေခံ လူ့အခွင့်အရေး အလုပ်သမား အခွင့်အရေးနဲ့ လူမှုဖူလုံရေး တို့အတွက် ကာကွယ်ပေးတဲ့ ဥပဒေတွေကို ခိုင်မာအောင် လုပ်ဖို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
(ထိုင်းနိုင်ငံထုတ် The Nation သတင်းစာကြီးပါ Rousing Welcome for ‘Amay Suu’ ကို ဌေးဝင်းနှင့် မြနန္ဒာ (Miss Chatsudar Sulkplang) တို့က မြန်မာဘာသာစကားဖြင့် အနီးဆုံး နားလည်စေရန် ဆီလျော်အောင် ပြန်ဆိုသည်။ )