မွန်ပါတီ အားလုံးပေါင်း အမတ်နေရာ ၄ နေရာသာနိုင်

မွန်ပြည်နယ်တွင် မွန်လူမျိုးကိုယ်စားပြု ပါတီ ၃ ခု၏ ရွေးကောက်ပွဲအနိုင်ရ အမတ်နေရာစုစုပေါင်းမှာ ၄ နေရာသာ ရှိသည်ဟု သက်ဆိုင်ရာ ခရိုင်နှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်များ၏ စာရင်းအရ သိရသည်။
နိုဝင်ဘာလ ၈ ရက်ကကျင်းပသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၄၀ နေရာ၊ မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အသီးသီးအနိုင်ရသည်ဟု အထက်ပါ စာရင်းအရ သိရသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၆ နေရာ အနိုင်ရ ခဲ့သော်လည်း မွန်ပါတီ ၃ ပါတီ ရှိလာသည့် ယခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၄ နေရာသာ အနိုင်ရ ခဲ့ခြင်းဖြစ်သည်။
“မွန်ပါတီတွေ ရှုံးတယ်ဆိုတာက မွန်ပါတီမညီညွတ်တာလဲပါတယ် နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့လှိုင်းက သိပ်ကြီးလွန်းလို့ အဲဒါလည်း တခုပါတယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက်ဘဲ လှိုင်းကြီးကြီး မွန်တွေ ညီညွတ်မယ်ဆိုရင် မဲမကွဲဘူးဆိုရင် အခု လက်ရှိ ရလဒ်ထက် နှစ်ဆလောက် မွန်အမတ်တွေ ရနိုင်တယ်”ဟု ပေါင်မြို့မှ ဦးမင်းဌေးအောင်က ဝေဖန်သည်။
ဦးမင်းဌေးအောင်နည်းတူ ယခုရွေးကောက်ပွဲတွင် ယင်းသို့ အရှုံးနှင့် ရင်ဆိုင်ရခြင်းမှာ မဲကွဲသည့်အတွက်ဟု မွန်လူထုတချို့က ရှုမြင်သည်။
သက်ဆိုင်ရာပါတီအလိုက် ရရှိ မဲအရေအတွက်စာရင်းများ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကေ်ာမရှင်မရရှိသေးသည့်အတွက် မွန်ပါတီ ၃ ခုပေါင်းမဲရလဒ်က NLD နှင့် ကြံ့ခိုင်ရေး ပါတီများကို အနိုင်ရသည့် နေရာ မည်မျှ ရှိသည်ကိုမူ မသိရသေးပေ။
လက်ရှိရွေးကောက်ရလဒ်အပေါ် မွန်ပါတီများ ရှုံးနိမ့်သွားခြင်းနှင့် ပတ်သက်ပြီး ရှေ့ဆက် မွန်ပါတီများ ညီညွတ်မည့်အရေးကို ကြိုးစားဆောင်ရွက်သွားမည်ဟု အနိုင်ရရှိသွားသည့် မွန်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
“၂၀၁၅ ရွေးကောက်ပွဲအလွန်ပေါ့နော် ဘာပြောပြောဘဲ ပါတီ ၃ ပါတီကိစ္စကို ညှိနှိုင်းဆောင်ရွက်သွားပြီးတော့မှ ညီညွတ်ရေးပေါ့ဗျာ ညီညွတ်ရေးဆိုတာကလဲ ပါတီပေါင်းတဲ့အဆင့် မရောက်တဲ့တိုင်အောင်တော့ လက်တွဲဆောင်ရွက် လက်တွဲဆောင်ရွက်ရမယ့်ကိစ္စ အဲဒါတော့ ဖြစ်အောင်တော့ ကျနော့်အနေနဲ့ ကြိုးစားသွားမယ်” မွန်လူမျိုး ကိုယ်စားပြု ပါတီသုံးခုတွင် မွန်အမျိုးသားပါတီက ပြည်နယ်တစ်ခုလုံးတွင် မဲဆန္ဒနယ် ၃၄ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲဆန္ဒနယ် ၂၅ နေရာနှင့် အမျိုးသမီးပါတီ (မွန်)က မဲဆန္ဒနယ် ၃ နေရာ ဝင်ပြိုင်ခဲ့သည်။
Dawei Watch မော်လမြိုင်

သံလွင်တိုင်းမ်

Share
Published by
သံလွင်တိုင်းမ်

Recent Posts

ကျိုက်ထိုမှာ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ မေ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် ရာအိမ်မှူး ဦးအုန်းမြင့်ဟာ မနေ့ မေ ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ…

5 hours ago

ဖာပွန်တိုက်ပွဲမှာ တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်နှစ်ဦးကျဆုံး

ဖာပွန်၊ မေ ၂၃ ကရင်ပြည်နယ် ဖာပွန်မြို့အနီးရှိ ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်း ဆက်လက်ချေမှုန်းရေး စစ် ဆင်ရေးအတွင်း PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့…

6 hours ago

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှု ဖြစ်တယ်လို့ ထိုင်ဝမ် ပြော

တိုင်ပေ၊ မေ ၂၃ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအနီး တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှုတွေဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။…

8 hours ago

ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ရေး လျှောက်ထားမှု တရားရုံး ဆုံးဖြတ်မယ်

ဘန်ကောက်၊ မေ ၂၃ ပီချစ် ချူအန်ဘန်းကို ဝန်ကြီးများ အဖွဲ့မှာ ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထုတ်ပယ်ရေး လျှောက်လဲထားမှု…

8 hours ago

ဘီးလင်းက မစောတံတား မိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ လူထိခိုက်သေဆုံးမှုရှိ

ဘီးလင်း၊ မေ ၂၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မစောတံတား မိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။…

13 hours ago

စစ်အာဏာသိမ်း (၁၂၀၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၂၉) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၃ AAPP ရဲ့ မေ ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၇) ရက်အတွင်း ပြည်သူ (၅၁၂၉ ) ဦးအထိ…

1 day ago

This website uses cookies.